ဖျာပုံမြို့နယ် ကျုံစုတ်ဂုံညင်းတန်းကျေးရွာ စားအုန်းဆီ သက်သာဈေးဖြင့် ဝယ်ယူနိုင်ရန်အတွက် စာအုပ် ထုတ်ပေးရန် တွေ့ဆုံခြင်း

Powered by Drupal

             ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းသည် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၁၉)ရက်နေ့တွင် ခရိုင်စားသုံးသူရေးရာ ဦးစီးမှူးရုံး၌ ကျုံစုတ်ဂုံညင်းတန်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖ များအားခေါ်ယူ တွေ့ဆုံမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

          အဆိုပါတွေ့ဆုံမှုတွင် ခရို်ငဦးစီးမှူးဦးထွေးသိမ်းသည် မှော်ဘီကျေးရွာအတွင်းရှိ ကျေးရွာနေပြည်သူများ စားအုန်းဆီ သက်သာဈေးဖြင့် ဝယ်ယူနိုင်ရေးအတွက် ခေါ်ယူ တွေ့ဆုံခြင်းဖြစ်ကြောင်း ပြောကြားခြင်း၊ ကျုံစုတ်ဂုံညင်းတန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆောင်မှုဖြင့် စားအုန်းဆီ ဖြန့်ဖြူးရေးကော်မတီ ဖွဲ့စည်း၍ ကြီးကြပ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စားအုန်းဆီ ဈေးနှုန်း/အချိန်အတွယ် မှန်ကန်မှုနှင့် အိမ်ထောင်စု(၃၆၅)စုအား ဆီစာအုပ်ဖြင့် ဝယ်ယူနိုင်ရန် အဖွဲ့ဝင်များမှ  ကြီးကြပ်ဆောင်ရွက်ရမည် ဖြစ်ကြောင်းတို့ ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)