ဘိုကလေးမြို့နယ် သစ်ဖြူချောင်းကျေးရွာ စားအုန်းဆီ သက်သာဈေးဖြင့် ဝယ်ယူနိုင်ရန်အတွက် တွေ့ဆုံခြင်း

Powered by Drupal

          ဖျာပုံခရိုင်၊ ဘိုကလေးမြို့ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်း တို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၂၁)ရက်နေ့တွင် မြို့နယ်တာဝန်ခံရုံး၌ သစ်ဖြူချောင်းကျေးရွာရှိ ရွာသူ/သားများ စားအုန်းဆီ သက်သာဈေးဖြင့် ဝယ်ယူနိုင်ရန်အတွက် အုပ်ချုပ်ရေးမှူးနှင့်အတူ ရပ်မိ/ရပ်ဖ များအား  တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါသည်။

          အဆိုပါ တွေ့ဆုံမှုတွင် မြို့နယ်တာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာန ဖြစ်ပေါ်လာပုံ အကြောင်းပြောကြားခြင်း၊ စားသုံးသူတိုင်းတွေ စားသုံးသူ အခွင့်အရေး(၈)ချက်ရှိကြောင်း၊  ပြည်သူများ စားအုန်းဆီ သက်သာဈေးဖြင့် ဝယ်ယူနိုင်စေရန်အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ဆီဖြန့်ဖြူရေးကော်မတီအဖွဲ့ ဖွဲ့စည်း၍ ကြီးကြပ် ဆောင်ရွက်စေရန်၊ သစ်ဖြူချောင်းကျေးရွာရှိ အိမ်ထောင်စုဦးရေ မေးမြန်းခြင်း၊ စီစဉ်ဆောင်ရွက်မည့် အခြေအနေအား မေးမြန်းခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)