သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
21 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြိုနယ်ဦးစီးမှူးရုံးတွင် ဆန်စပါးကုန်သည်အသင်းခွဲ အသင်းဝင်များနှင့် တွေဆုံ၍လက်ရှိဖြစ်ပေါ်နေသော ဆန်စပါးဈေးနှုန်း၊ဆန်/ ဆန်ကွဲတင်ပိုရောင်းချမှု အခြေအနေများ၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့် လုပ်ငန်းရှင်၏တာဝန်များ အကြောင်းကို (၃.၇.၂၀၂၅) ရက်နေ့ နံနက် (၀၉:၀၀)အချိန်က အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။
21 Jul 2025
ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းနှင့် ဘိလပ်မြေ အရောင်းဆိုင်(၂)ဆိုင်တွင် ရောင်းချနေသော ဘိလပ်မြေအိတ်များတွင် ဝယ်ရင်းဈေးထက် အမြတ်(၁၀%) ထက်ပို၍ ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။
21 Jul 2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ကြီးကြပ်ရေးမှူး ဦးတင်စိန်နှင့် ဝန်ထမ်းတို့သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အမှတ်(၁) ရပ်ကွက်ရှိ (အ.မ.က-၁) မူလွန်ကျောင်းတွင် ဆရာ/မ (၁၀) ဦး၊ ကျောင်းသား/သူ (၂၀၂) ဦး၊ စုစုပေါင်း (၂၁၂) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ခဲ့ပါသည်။
21 Jul 2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အမှတ်(၅) ရပ်ကွက်ရှိ ဒေါ်ဖြူဖြူလွင် ပိုင်ဆိုင်သော ဓမ္မရက္ခိတ ဆန်စက်သို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဆန်စပါး/စပါးဈေးနှုန်းနှင့် သိုလှောင်ရုံ Myro မှတ်ပုံတင်ခြင်းကိစ္စ ၊ မှတ်ပုံတင် သက်တမ်းတိုးခြင်း ကိစ္စ၊ သိုလှောင်ရုံ စပါးလက်ကျန် အခြေအနေတို့ကို စက်မှုကြီးကြပ်ဌာနနှင့် ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။
21 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း ၍(၁.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)အချိန်တွင် ဇလွန်မြို့၊ မန်းဘခိုင်လမ်း၊ ညောင်ပင်ဈေးရပ်ကွက် ရှိ Olive သောက်ရေသန့်စက်ရုံသို့ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

Pages