သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
13 Dec 2023

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေး/ ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများသည် “ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း စျေးကွက်အတွင်းရှိကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပြည့်စုံစွာပါဝင်ရမည့်အချက်အလက်များ၊ ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/မရှိနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနက စားသုံးရန်မသင့်ဟုတားမြစ်ထားသော ကုန်စည်များရောင်းချမှုရှိ/မရှိတို့အား မိတ

13 Dec 2023

   ၄.၁၂.၂၀၂၃ ရက်နေ့ နံနက်၁၀:၃၀အချိန်မှစ၍ သင်္ဃန်းကျွန်းခရိုင်အတွင်းရှိ စက်သုံးဆီဆိုင်များဖြစ်သော တောင်ဥက္ကလာပမြို့နယ်ရှိ  Puma Power စက်သုံးဆီဆိုင်၊  တာမွေမြို့နယ်ရှိ သူရိယစွမ်းအင်စက်သုံးဆီဆိုင် ၊မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Star Hight စက်သုံးဆီဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊  ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးဦးဇော်မင်းလတ်နှင့် တာဝန်ရှိဝန်ထမ်းများက ကွင်းဆင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

13 Dec 2023

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေး/ ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများသည် ဌာန၏မျှော်မှန်းချက်ဖြစ်သော “ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်းများကို လစဉ် လျာထားချက်ချမှတ်၍ ဆောင်ရ

13 Dec 2023

    မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် မကွေးတိုင်းအတွင်းရှိစျေးများ၌ အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး Campaign အား ဆောင်ရွက်လျက်ရှိရာ (၄-၁၂-၂၀၂၃) ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် မကွေးမြို့၊ မင်္ဂလာစျေး၌ စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါသည်။

13 Dec 2023

   မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၄.၁၂.၂၀၂၃) ရက်နေ့တွင် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ဘီးလင်းမြို့နယ်ရှိ ရပ်ကွက် ကုန်စုံဆိုင်နှင့် နှင်းပုလဲကျေးရွာရှိ ကုန်စုံဆိုင်များကို သွားရောက်၍ အသင့်သောက်အချိုရည်အမျိုးမျိုး တို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ရောင်းချနေသော အသင့်သောက်အချိုရည်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖေ

Pages