မြို့နယ်တွင်းကောက်စောစပါး ရိတ်သိမ်းရောင်းချနေမှု အခြေအနေများ အဖွဲ့ဖြင့်ကွင်းဆင်း လေ့လာဆောင်ရွက်ခြင်း

Powered by Drupal

  ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် (၁၈.၉.၂၀၂၅) ရက်နေ့ နေ့လည်(၁၄:၀၀) နာရီအချိန်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ ကော်မတီ အဖွဲ့ဝင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး တို့နှင့်အတူ မြို့နယ်တွင်း ကောက်စောစပါး ရိတ်သိမ်း၊ ရောင်းချနေမှု အခြေအနေများ ကွင်းဆင်းစုံစမ်းဆောင်ရွက်ခဲ့ပါသည်။ ယခုရက် ရိတ်သိမ်းစပါးမျိုး မှာ မှော်ယီ-၃ ၊ GW-11 ၊ စသည့် စပါးများဖြစ်ပြီး ရိတ်ချွေစက်ကျ စပါးအစို ပေါင် ၅၀ ဖြင့် တင်း(၁၀၀) ကျပ် ၈၅၀၀၀၀ မှ ၈၈၀၀၀၀ ကြားဖြင့်လည်းကောင်း၊ ဆန်စက်အရောက် အစို ပေါင် (၅၀) စပါးတင်း(၁၀၀) ကျပ် ( ၉၀၀၀၀၀ မှ ၉၅၀၀၀၀ ကြား) ဖြင့်လည်းကောင်း ၊ စက်အရောက် စပါးအခြောက် ပေါင်(၅၀) တင်း(၁၀၀)လျှင် ကျပ် ( ၁၃၀၀၀၀၀ မှ ၁၃၂၀၀၀၀ ကြား) ရောင်းဝယ်လျှက်ရှိပါသည်။ အဖွဲ့မှ တောင်သူများအား စပါးဈေးနှိမ်၍ ဝယ်ယူခြင်း မပြုရန် စပါးကုန်သည်များအား မှာကြားဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)