သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်မှူး-ဦးစိုးမင်းထိုက် ဦးဆောင်မှုဖြင့် ဒေးဒရဲမြို့နယ်၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ်၊ဒီဇင်ဘာလ (၁၁) ရက်နေ့ ၊နံနက် (၁၀:၀၀) နာရီ အချိန်တွင် အမှတ်(၁) ရပ်ကွက်ရှိ ပြည်သူများအားစားသုံးသူကာကွယ် ရေး အသိပညာပေးဟောပြောခဲ့ပါသည်။
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ကျောင်းသား/ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတများကြွယ်ဝစေရန်ရည်ရွယ်၍ လူငယ်အသိပညာပေးဟောပြောပွဲကို (၈-၁၂-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ကျင်းပခဲ့ပါသည်။
ကျိုက်လတ်မြို့နယ် ၊စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့ ၊နေ့လည်(၁၃:၀၀) နာရီ အချိန်တွင် ကျိုက်လတ်မြို့၊မြို့မဈေးကြီး အတွင်းရှိ ကုန်စုံဆိုင်များတွင် အချိုရည်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ သံတွဲခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ(၁၂)ရက်နေ့ ၊ နေ့လည် (၂:၀၀) နာရီအချိန်တွင် သံတွဲခရိုင် ၊ သံတွဲမြို့ ကျောင်းတိုက်ကျေးရွာ၊ အ-မ-က တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန နှင့် ခရိုင် FDA တို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့ ၊ မြို့မစျေး (၂) အတွင်းရှိ ကုန်စုံဆိုင် (၁၀) ဆိုင်အား (၄.၁၂.