ရှမ်းပြည်နယ်အတွင်း ‌ဒေသတစ်ခုမှ‌ဒေသတစ်ခုသို့စပါး၊ဆန်နှင့်ဆန်ထွက်ပစ္စည်းများ သယ်ဆောင်ခြင်းနှင့်စပ်လျဉ်းသည့် လုပ်ငန်းဆောင်ရွက်ချက်ဆိုင်ရာစံလုပ်ထုံးလုပ်နည်း (SOP)(မူကြမ်း)ရှင်းလင်းဆွေး‌နွေးပွဲပြုလုပ်ကျင်းပခြင်း

Powered by Drupal

      ရှမ်းပြည်နယ်အတွင်း ‌ ဒေသတစ်ခုမှ‌  ဒေသတစ်ခုသို့  စပါး၊ ဆန် နှင့် ဆန်ထွက် ပစ္စည်းများသယ်ဆောင်ခြင်း နှင့် စပ်လျဉ်းသည့် လုပ်ငန်းဆောင်ရွက်ချက်ဆိုင်ရာ  စံလုပ်ထုံးလုပ်နည်း (SOP)(မူကြမ်း)ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို စက်တင်ဘာလ၂၉ ရက်၊ နံနက်(၁၀:၀၀) နာရီ အချိန်စားသုံးသူ‌ရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါ သည်။

        အခမ်းအနားသို့ ပြည်နယ်ဆန်၊စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးခွန်သိန်းမောင်နှင့် ပြည်နယ်ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအ ဖွဲ့ဝင်များဖြစ်သော အထူးစုံးစမ်းစစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထူးဖိတ်ကြားထားသည့် ရှမ်း ပြည်နယ်ဥပဒေချုပ်ရုံးပြည်နယ်ဥပဒေအရာရှိနှင့် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း( ရှမ်း- တောင် အသင်းခွဲ)၊ရှမ်းပြည်နယ်(တောင်ပိုင်း)ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ရှမ်းပြည်နယ်အဝေး ပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း ၊ ကုန်စည်ပို့ဆောင်ရေးဂိတ်များ၊ ဆန်စပါးလုပ်ငန်းလုပ်ကိုင်နေကြသော လုပ်ငန်းရှင်များစုစုပေါင်း(၄၄)ဦးက inperson ဖြင့်တက် ရောက်ခဲ့ကြပြီး ပအိုဝ်း/ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၊ လားရှိုး/ ကျိုင်းတုံ/ကလော/လွိုင်လင်/တာချီလိတ် ခရိုင်ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့များမှ အွန်လိုင်း ဖြင့် တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားတွင် ပြည်နယ်ဆန်၊စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးခွန်သိန်းမောင် ကအဖွင့်အမှာစကား ပြောကြားပြီး အတွင်းရေး မှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးရွှေဖြူက (SOP)မူကြမ်းအား power point များဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော အဖွဲ့ဝင်များ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များမှ (SOP)မူကြမ်းနှင့်ပတ်သက်၍ အကြံပြုချက်များ၊ ပြင်ဆင်လိုသည့်အချက်များကို အကြံပြုဝိုင်းဝန်းဆွေး‌နွေးခဲ့ကြပါသည်။

          အကြံပြုဆွေးနွေးချက်များအပေါ် ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင် ဌာန ဆိုင်ရာများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး အခမ်းအနားကို ၁၂:၄၅တွင် ရုတ်သိမ်းခဲ့ပါသည်။

DOCA(ရှမ်း)