မွန်ပြည်နယ် ရော်ဘာကုန်စည်ဒိုင်ဖြစ်မြောက်ရေး စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားသို့ ပြည်နယ်ဦးစီးမှူး တက်ရောက်

Powered by Drupal

      ၂၇.၉.၂၀၂၅ ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် မော်လမြိုင်မြို့၊ ကုန်စည်ဒိုင်ခန်းမ၌ ကျင်းပပြုလုပ်သော မွန်ပြည်နယ် ရော်ဘာကုန်စည်ဒိုင်ဖြစ်မြောက်ရေး စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မွန်ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရော်ဘာကုန်သည်နှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

          ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အတွင်း ကုန်စည်ဒိုင်ဖြစ်မြောက်ခြင်းသည် ဒေသတွင်းရော်ဘာထုတ်ကုန်များကို တစ်နေရာတည်း၌ ရောင်းဝယ်နိုင်ပြီး စိုက်ပျိုးထုတ်လုပ်သူများ၊ လုပ်ငန်းရှင်များနှင့် ဈေးကွက်အဖွဲ့အစည်းများ အတွက် အကျိုးအမြတ်များစွာ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်က ရော်ဘာကုန်စည်ဒိုင်ဖြစ်မြောက်ရေး စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆောင်ရွက် သူများကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)