
ဓနုဖြူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံရုံးက ဦးခိုင်လွမ်းမိုးနှင့် ဝန်ထမ်းများသည် ဓနုဖြူမြို့နယ်ရှိ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော စည်ပင်သာယာရေး ဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့မဈေးအတွင်းရှိ ကုန်ခြောက်ဆိုင်များ၊ အလှကုန်ဆိုင်များဆေးဆိုင်များအား ကုန်ညွှန်းအမှတ်အသား ဆောင်ရွက်ထားရှိမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် ဈေးကွက်စောင့်ကြည့်ခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
အခြားဈေးကွက်စောင့်ကြည့်မှုအနေဖြင့် SME လုပ်ငန်းဖြစ်သော မရွေးမုန့်လုပ်ငန်းနှင့် ပဲမုန့် လုပ်ငန်းများတွင် ကုန်အညွှန်းအမှတ်အသားစသော ဆောင်ရွက်ထားရှိမှု ရှိ/မရှိ ဒေသတွင်း ထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူးမှု မရှိစေရေး၊ စစ်ဆေးသော လုပ်ငန်းများမှာ ကုန်အညွှန်းစိစစ်ခွင့်ပြုချက်များရရှိသော လုပ်ငန်းများဖြစ်ပြီး စစ်ဆေးကြပ်မတ်ဆောင်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
