သတင်းနှင့် လှုပ်ရှားမှုများ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ကန့်ဘလူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် ဆီကုန်သည်များနှင့်ပူးပေါင်း ကာ (၉.၁၁.၂၀၂၃) ရက်နေ့၊ နံနက် ၀၇:၀၀ နာရီတွင် ကန့်ဘလူမြို့ စည်ပင်သာယာခန်းမ၌ စားအုန်း ဆီများကို ကန့်ဘလူမြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ ကြောင်း သိရှိရပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးဥပဒေအရ ဈေးကွက်အတွင်းရောင်းချနေသော လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်း(ဒု-ဦးစီးမှူး) နှင့် ဝန်ထမ်း (၁)ဦးတို့သည် နိုဝင်ဘာလ ၈ ရက်၊ နံနက် ၁၀:၀၀ နာရီက ကန
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၌ ရွှေဘိုပေါ်ဆန်း(G.I)ရရှိရေးအတွက် ပြင်သစ်နိုင်ငံ AFD (France Development Agency)၏ ထောက်ပံ့ကူညီမှုဖြင့် Recognition and Promotion of Geographical indication in Cambodia, Lao PDR and Myanmar ( မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် ဒေသဆိုင်ရာအညွှန်းများကို အသိအမှတ်ပြုခြင်းနှင့် မြှင့်တင်ခြင်းစီမံကိန်း)ကို GRETMyanmar အဖွဲ့အစည်းမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
နှစ်စဉ်ကျင်းပမြဲဖြစ်ပြီး ကရင်တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်ဖြစ်သော (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကို ဘားအံမြို့၊ သီရိကွင်းတွင်(၅-၁၁-၂၀၂၃) ရက်နေ့မှ (၁၀-၁၁-၂၀၂၃)ရက်နေ့ထိ (၆)ရက်တိုင်တိုင် နေ့စဉ်နံနက် (၀၉:၀၀)နာရီမှ ည (၁၀:၀၀)နာရီ အထိ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပဆောင်ရွက်ရွက်ခဲ့ကြောင်း သိရသည်။
အခြေခံစားကုန်များသက်သာသောဈေးနှုန်းဖြင့်ရောင်းချသည့် ရက် (၁၀၀) ပြည့်ဈေးရောင်းပွဲ ကျင်းပရန် ညှိနှိုင်းအစည်းအဝေးကို စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ မန္တလေးတိုင်းဒေသကြီးကုန်ဈေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၊ ဒုတိယဥက္ကဌ၊ စီးပွားရေးရာဝန်ကြီး၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊MRCCI၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆန်ကုန်သည်များအသင်း၊ ဆီလုပ်ငန်းရှင်များအသင်း၊ ဆီစက်လုပ်ငန်းရှင်အသင်းစသည့်အသင်းများမှ