အောင်ငြိမ်းချမ်း ဆီစက်သို့ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

Powered by Drupal

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ၊ စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေး စီမံခန့်ခွဲရေးဌာနခွဲမှ ဒေါ်ဝင်းမာ(ဦးစီးမှူး) နှင့်ဒေါ်မြတ်မြတ်ထွေး (ဦးစီးမှူး) တို့သည် မန္တလေးတိုင်းဒေသကြီး ဆီစက်ချေးငွေ အဆိုပြုလွှာ ကွင်းဆင်းစစ်ဆေးရေး အဖွဲ့များနှင့်အတူ ၁၉-၉-၂၀၂၅ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ၊ စက်မှု့-၂ (ည) ရပ်ကွက်ရှိ အောင်ငြိမ်းချမ်း ဆီစက်သို့ ကွင်းဆင်းစစ်ဆးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။ထိုသို့ ကွင်းဆင်း စစ်ဆေးရာတွင် တိုင်းဒေသကြီး ဆီစက်ချေးငွေ အဆိုပြုလွှာ ကွင်းဆင်းစစ်ဆေးခြင်း အဖွဲ့ခေါင်းဆောင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မျိုးလွင်၊ သမဝါယမ ဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးထွန်းဇော်ဦး ၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းဗိုလ်နှင့်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ဆီစက်လုပ်ငန်းများ ကြိတ်ခွဲထုတ်လုပ်မှုအခြေအနေ ၊ ဖြန့်ဖြူးမှုအခြေအနေ ၊ ဆီစက်လုပ်ငန်းများ လည်ပတ်နိုင်မှုအခြေအနေနှင့် လုပ်ငန်းလိုအပ်ချက်များ မေးမြန်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(မန္တလေး)