သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
10 Nov 2023

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် (၇-၁၁-၂၀၂၃) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ(၃၁၅)ဦးနှင့် ဆရာ၊ ဆရာမ(၁၂) ဦး၊ စုစုပေါင်း(၃၂၇)ဦးတို့တက်ရောက်ခဲ့ကြပါသည်။

10 Nov 2023

        စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး (ရုံးအုပ်)သည် (၈.၁၁.၂၀၂၃) ရက်နေ့တွင် မိုးကောင်းမြို့နယ်၊ ပင်းကြိုင်းကျေးရွာအတွင်းရှိ စားသုံးသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

10 Nov 2023

    ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နှောင်းနှောင်းဝင်း ဒု-ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၇.၁၁.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဗန်းမော်မြို့ (၃)မိုင်၊ ရွှေပြည်သာရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ဝက်ကုန်းကျောင်းရှိ ကျောင်းသား၊ကျောင်းသူများအား ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို ရွေးချယ်ဝယ်ယူစားသုံးနိုင်စေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်

10 Nov 2023

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၏ဦးဆောင်မှုဖြင့် ခရိုင်အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် မြိတ်မြို့၊ ကျောက်ဖြူတောင်ရပ်၊ မင်္ဂလာဇေယျုံဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျောင်းသား/ ကျောင်းသူများ အား ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များ ရွေးချယ်ဝယ်ယူစားသုံး‌နိုင်စေရေး ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး ဆိုင်ရာ သိကောင်းစရာများ ဟောပြောခဲ့ပါသည်။

09 Nov 2023

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအုန်းမြင့်(ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် (၇-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် သရက်မြို့၊ အကောက်တဲ၊ ဇော်ဂျီရပ်ကွက်ရှိ အသေးစားနှင့် အလတ်စား ပဲကြော်လုပ်ငန်းရှင်(၃)ဦးနှင့်သွားရောက်တွေ့ဆုံကာ လုပ်ငန်းရှင်များအတွက် ရည်ညွှန်းသတ်မှတ်ဈေးဖြင့် စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ခွဲဝေချထားပေးလာခဲ့သည့် လုပ်ငန်းသုံးစားအုန်းဆီများကို လုပ်ငန်းတွင် အမှန်

Pages