စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး (I)အမှတ်တံဆိပ် ပဲပြားထုတ်သောလုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်ခင်သူဇာ(ဒု-ဦးစီးမှူး)သည် (၁၈-၉-၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှဦးဆောင်၍ မြို့နယ်စည်ပင် သာယာရေးကော်မတီ၊ မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီး ဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ၂၂လမ်း၊ ၉၁(B) လမ်း၊အောင်မြေသာစံမြို့နယ်ရှိ(I)အမှတ်တံဆိပ်ပဲပြားထုတ်လုပ်သောလုပ်ငန်းသို့ရှောင်တခင်ကွင်းဆင်း စစ်ဆေးခြင်းအားလိုက်ပါဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်(I)အမှတ်တံဆိပ်ပဲပြားအားစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ နမူနာကောက်ယူပြီး တာရှည်ခံဆေး (ဖော်မလင်များ) သုံးစွဲထားခြင်း ရှိ/မရှိကို Mobile Labဖြင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ရာ တာရှည်ခံဆေး (ဖော်မလင်များ) သုံးစွဲထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး စားသုံးသူရေးရာဦးစီးဌာနမှလည်း(I)အမှတ်တံဆိပ်ပဲပြားထုတ်လုပ်သောလုပ်ငန်း အားစားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး ဥပဒေပါပြဋ္ဌာန်းချက်များကိုလည်း သိရှိလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပညာပေးဆွေးနွေး၍လိုက်နာမှုမရှိပါက အရေးယူဆောင်ရွက်သွားမည့်အခြေအနေ များအား အသိပေးခဲ့ကာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)