သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
08 Nov 2023

  စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပူး‌ပေါင်း၍ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့ နံနက် (၇:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ ခရိုင်စီမံအုပ်ချုပ်ရေးရာအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား စားဝတ်နေရေး အထောက်အပံ့ဖြစ်စေရန်အတွက် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချို

08 Nov 2023

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၄ ရက် နံနက် ၀၈:၃၀ နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးရွှေအောင် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကကြီးကြပ်၍ ကန့်ဘလူခရိုင်စုပေါင်းရုံး၌ ဌာနဆိုင်ရာဝန်ထမ်းများအား စားအုန်းဆီများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

08 Nov 2023

    စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များကို စိုက်ပျိုး၊ မွေးမြူ ထုတ်လုပ်သူများမှ ဆန်၊ ဆီနှင့် ကြက်ဥ၊ ဒေသထွက် ဟင်းသီးဟင်းရွက်သီးနှံများကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် မုံရွာမြို့၊ ပြည်ထောင်စုဈေး၌    သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ရောင်းချပေးလျက်ရှိပါသည်။

08 Nov 2023

နေပြည်တော်၊ နိုဝင်ဘာ ၇     

   ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့၊ (၁၃:၃၀) နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ် (၅၂)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညီလာခံ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် အင်္ဂါနေ့ဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အမှာစကားပြောကြားခဲ့သည်။

08 Nov 2023

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းသည် ကံမမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၁-၁၁-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူ၏ အခွင့်အရေး(၈)ချက်အကြောင်း အသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

Pages