သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
24 Jul 2024

    စားသုံးသူရေးရာဦးစီးဌာန၊လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် လွိုင်လင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၈.၇.၂၀၂၄)  ရက်နေ့၊နံနက် (၁၀:၀၀) နာရီအချိန်တွင် ပင်လုံမြို့ပေါ်ရှိ ဆန်အရောင်းဆိုင်များသို့ သွားရောက်၍ ဆန်ရောင်းချဖြန့်ဖြူးနေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

24 Jul 2024

        စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် အုတ်တွင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့်အတူ  ၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၁၇)ရက်နေ့ မွန်းလွဲပိုင်းက အုတ်တွင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ အုတ်တွင်းမြို့ပေါ်ရှိ စားသုံးဆီဝယ်ယူရောင်းချခွင့်ရသည့် ကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ‌ ရောင်းချရေးကိုဆွေးနွေးခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရည်ညွှန်းဈေးဖြင့် စားသုံးဆီရောင်းချခွင့်ရရှိ

24 Jul 2024

        စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူနှင့် အကြီးတန်းစာရေး ဒေါ်သင်းသင်းအေးတို့သည့် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၁၅ရက်နေ့ မွန်းလွဲပိုင်းက တောင်ငူမြို့၊ တံတားဦး အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများဟောပြောခဲ့ပါသည်။

24 Jul 2024

    ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင် ၊ မအူပင်မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန် စားသုံးသူအခွင့်အရေးတို့ကို သိရှိနားလည်စေရန် ရည်ရွယ်၍  အသိပညာပေး ဟောပြောပွဲကို​ (၁၇.၇.၂၀၂၄)ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် မအူပင်မြိ

24 Jul 2024

    ဧရာဝတီတိုင်းဒေသကြီး၊ မအူခရိုင်၊ မအူပင်မြို့တွင် စားသုံးဆီများရောင်းချလျက်ရှိသော စျေးဆိုင်များအား သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိ ၊ ပါကင်ဆီဗူးများတွင် ကုန်အညွှန်းအမှတ်အသားပါဝင်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို (၁၇.၇.၂၀၂၄)ရက်နေ့ ၊နံနက် (၁၀:၀၀) နာရီက ဌာနဆိုင်ရာများက မြို့ပေါ်ရပ်ကွက်များနှင့် မြို့မစျေး၊ မင်္ဂလာဈေး၊ အခွန်လွတ်ဈေး၊ ၃လမ်း ရပ်ကွက်ဈေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

Pages