ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် စားအုန်းဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးစနစ် (Software) အသုံးချနိုင်ရေးအတွက် အစည်းအဝေး ကျင်းပ

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ၂၈.၈.၂၀၂၅ ရက်နေ့၌ စားအုန်း ဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးစနစ် (Software) အသုံးချနိုင်ရေးအတွက် Capital Connect Co, Ltd မှ တာဝန်ရှိသူများ၊ ခရိုင်ဦးစီးမှူးများ၊ ခရိုင်အလိုက် လက်လီလက်ကား ကိုယ်စားလှယ်များနှင့် အစည်းအဝေး ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

          ရှေးဦးစွာ တိုင်းဒေသကြီးဦးစီးမှူးက အဖွင့်အမှာစကားပြောကြားပြီး Capital Connect Co, Ltd မှ တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ဦးစီးမှူးများ၊ ခရိုင်အလိုက် စားအုန်းဆီ လက်လီ/ လက်ကား ရောင်းချသည့် ကိုယ်စားလှယ်များအား စားအုန်းဆီ ဖြန့်ဖြူးရောင်းချမှု ကြီးကြပ် ရေးစနစ် (Software) တွင် ထည့်သွင်းနိုင်ရေး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ခရိုင်အတွင်းရှိ စားအုန်းဆီ လက်လီ/ လက်ကား ရောင်းချသည့် ကိုယ်စားလှယ်များသည် Imperson စနစ်ဖြင့် လည်းကောင်း၊ Virtual စနစ်ဖြင့် လည်းကောင်း တက်ရောက်ရာ (၁၀၈)ဦး ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)