
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ၂၈.၈.၂၀၂၅ ရက်နေ့၌ စားအုန်း ဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးစနစ် (Software) အသုံးချနိုင်ရေးအတွက် Capital Connect Co, Ltd မှ တာဝန်ရှိသူများ၊ ခရိုင်ဦးစီးမှူးများ၊ ခရိုင်အလိုက် လက်လီလက်ကား ကိုယ်စားလှယ်များနှင့် အစည်းအဝေး ကျင်းပခဲ့ရာ ညောင်လေးပင်ခရိုင်ဦးစီးမှူးမှ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါ သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဦးစီးမှူးက အဖွင့်အမှာစကားပြောကြားပြီး Capital Connect Co, Ltd မှ တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ဦးစီးမှူးများ၊ ခရိုင်အလိုက် စားအုန်းဆီ လက်လီ/ လက်ကား ရောင်းချသည့် ကိုယ်စားလှယ်များအား စားအုန်းဆီ ဖြန့်ဖြူးရောင်းချမှု ကြီးကြပ် ရေးစနစ် (Software) တွင် ထည့်သွင်းနိုင်ရေး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ညောင်လေးပင်ခရိုင်အတွင်းရှိ စားအုန်းဆီ လက်လီ/ လက်ကား ရောင်းချသည့် ကိုယ်စားလှယ်များ သည် Virtual စနစ်ဖြင့် တက်ရောက်ရာ (၁၈)ဦး ရှိကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)