သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ခရိုင်ဦးစီးမှူး ဦးမောင်လှဝင်း (ဦးစီးအရာရှိ) သည် ဆီစက်ချေးငွေအဆိုပြုလွှာတင်ပြထားသောလုပ်ငန်းများသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးရာ အဖွဲ့ဝင်များအဖြစ် ခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်မြန်မာ့စီးပွားရေးဘဏ်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ ကိုယ်စားလှယ်များနှင့်အတူ (၃-၁၁-၂၀၂၃) ရက်နေ့နှင့် (၆-၁၁-၂၀၂၃) ရက်နေ့တို့တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်သန်းနှင့် ဒေါ်တင်မာရီတို့သည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဆိပ်ဖြူမြို့နယ် အတွင်းရှိ စားသုံးသူပြည်သူများ စားအုန်းဆီများကို သက်သာသောဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် စားအုန်းဆီများ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။ စားအုန်းဆီများရောင်းချရာတွင် စီးပွားရေးနှင့
မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏အစီအစဉ်ဖြင့် ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူး ဦးဝေဠုအောင်နှင့် ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၂)ရက်နှင့်(၃)ရက်နေ့တွင် ပခုက္ကူမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုများတွင် စားအုန်းဆီများကို အရောင်းဆိုင်/ဈေးကားများဖြင့် ရောင်းချမှုအား သတ်မှတ်နှုန်းထားဖြင့် ရောင်းချမှုရှိ/မရှိ၊ အချင်အတွယ်မှန်ကန်မှုရှိ/မရှိ ကွင်းဆင်း ကြပ်မတ်ခဲ့ပါသည်။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှဝန်ထမ်းများသည် (၆-၁၁-၂၀၂၃) ရက်နေ့တွင် ဘီးလင်းမြို့၊ တောင်ကလေးကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် ၆.၁၁.၂၀၂၃ ရက်နေ့၊ ၁၃:၀၀ နာရီအချိန်တွင် မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံး၌ စားသုံးဆီ ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်(၁)ဦးနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရန်အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။