သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
05 Nov 2024

            မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၅.၁၀.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဒေသတွင်းထုတ်လုပ်လျှက်ရှိသော မြေပဲဆုံဆီ၊ ကွမ်းစားဆေး၊ ရေသန့် လုပ်ငန်းရှင်များဆီသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များအား လိုက်နာဆောင်ရွက်ခြင်းဖြင့် ၎င်းတို့လုပ်ငန်းများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိပြီး ဈေးကွက်များပိုမိုရရှိနိုင်စေရန်ရည်ရွယ်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

05 Nov 2024

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များရှိ စတိုးဆိုင်များတွင် ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုးရောင်းချသောဆိုင်များသို့ (၂၈.၁၀.၂၀၂၄)ရက်နေ့၊ နေ့လယ်ပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများအဖွဲ့သည် သွားရောက်၍ ကွင်းဆင်းလေ့လာ‌ ဆောင်ရွက်ခဲ့ပါသည်။

05 Nov 2024

    စားသုံးသူရေးရာဦးစီးဌာန၊    ပဲခူးတိုင်းဒေသကြီး၊    သာယာဝတီခရိုင်၊  လက်ပံတန်းမြို့နယ် ( ၂၅.၁၀.၂၀၂၄ ) ရက်နေ့၊ နံနက်( ၁၀:၀၀ )နာရီအချိန်တွင် ခရိုင်ဦးစီးမှူးဦးသန်းစိုး၊ စားသုံး/ထုတ်လုံတာဝန်ခံဒေါ်ခိုင်ခိုင်ရီ၊ မြို့နယ်တာဝန်ခံဦးချစ်ကိုကို၊ ဈေးတာဝန်ခံဦးတိုးအောင်၊ ‌စျေးအတွင်းရှိ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ တိုင်းရင်းဆေးရောင်းဝယ်ရေးဆိုင်များသို့ သွားရောက်၍ စားသုံးသူ ကာကွယ်ရေးဥပဒေအခန်း ( ၁၈ )ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်မျ

05 Nov 2024

    စားသုံးသူရေးရာဦးစီးဌာန၊    ပဲခူးတိုင်းဒေသကြီး၊    သာယာဝတီခရိုင်၊  သာယာဝတီမြို့နယ်ဈေးပိုင်းရပ်ကွက် ဘောလုံးကွင်းလမ်း၌ ကုန်မျိုးစုံပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်နီလာဝင်းနှင့် ( ၂၈.၁၀.၂၀၂၄ ) ရက်နေ့၊ နံနက်( ၁၀:၀၀ )နာရီအချိန်တွင် ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊ စားသုံး/ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ၊ မြို့နယ်တာဝန်ခံဒေါ်အေးသန္တာထွန်းတို့နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေအခန်း ( ၁၈ )ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလို

05 Nov 2024

   ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ MSMEs Talk Show စကားဝိုင်းဆွေးနွေးပွဲကို (၂၈.၁၀.၂၀၂၄) ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့ ကောလိယမင်္ဂလာ စည်ပင်သာယာခန်းမ၌ ကျင်းပခဲ့ပါသည်။

Pages