သတင်းနှင့် လှုပ်ရှားမှုများ
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း များသည် (၁၁.၈.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဒေါ်ပြုံးပြုံးအေး စားအုန်းဆီ လက်လီရောင်းချသော ဆိုင်သို့ သွားရောက်၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှု ဖြင့် ၂၄.၈.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဗိုလ်ချုပ်လမ်းရှိ ဒေါ်အေးသန်း ကုန်စုံဆိုင်အား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်း ရှိ/မရှိ၊ မြို့နယ်တာဝန်ခံ ဦးမောင်မောင်အေးနှင့် ဝန်ထမ်းများမှ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပါ သည်။ စားသုံးသူများ တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်များသိ

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်ဘူတာတွင် (၁၄.၈.၂၀၂၅) ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် ၆၃-အဆန် ကြည့်မြင်တိုင်-ပြည် လူစီးကုန်တင်စာပို့ရထားအား တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့မှ ရထားလမ်းကြောင်းအား စစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။ရထားကုန်တွဲပေါ်တွင် ရာသီပေါ်သစ်သီးဝလံများနှင့် ဟင်းသီးသင်းရွက်များသာ တင်ဆောင်လာသည်ကို တွေ့ရှိရပါကြောင်း တင်ပြအပ်ပါသည်။

နိုင်ငံအတွင်းနေထိုင်ကြသော ပြည်သူများ၏ နေ့စဉ် စားဝတ်နေရေး၊ စီးပွားရေး၊ လူမှုရေးများ တွင် သက်သာချောင်ချိမှု ရှိစေရေးအတွက် အလေးထားဆောင်ရွက်လျှက်ရှိရာ သာယာဝတီခရိုင် အ တွင်းရှိ မြို့နယ်များ၌ တစ်ပတ်လျှင် (၂)ကြိမ် ဆေးနှင့် ဆေးပစ္စည်း ရောင်းချနေသည့် ဆေးဆိုင်များသို့ ကွင်းဆင်း၍ ဆေးနှင့်ဆေးပစ္စည်းများ ကိုဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများကိုဒေသတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြ

စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် လက်ပံတန်းမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ၁၄.၈.၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင် မြို့မ(၂)လမ်းရှိ ဦးတင်ဦး မုန့်မျိုးစုံရောင်းဝယ်ရေးအား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်း ရှိ/မရှိ ပြည်တွင်းကုန်သွယ်ရေး ဖွံဖြိုးမှုနှင့်သုတေသနဌာနခွဲ ဦးဝင်းထွဋ်လွင်နှင့်ဝန်ထမ်းများမှ ဈေးကွက် စောင့်ကြည့်စစ်ဆေး ခဲ့ပါသည်။ စားသုံးသူများ တိကျမှန်ကန်ရှင်းလင်းသေ
