သတင်းနှင့် လှုပ်ရှားမှုများ
ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ (၂၅.၁၀.၂၀၂၄) ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံး၌ ရေကြည်မြို့ပေါ်ရှိ အခြေခံစားသောက်ကုန် လက်လီ/ လက်ကားရောင်းချနေသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေနှင့် အခြားလိုက်နာဆောင်ရွက်ရမည့် ဥပဒေများအားရှင်းလင်း၍ အခြေခံစားသောက်ကုန်များ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ဈေးကစားရန်ရည်ရွယ်၍ ကုန်ပစ္စည်းများအား ဈေးနှုန်းမြင့်တင်ရောင်းချမှုမရှိစေရေးန
၂၅-၁၀-၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် မှော်ဘီမြို့နယ် အခြေခံပညာမူလတန်းကျောင်း၊ အောင်မင်္ဂလာတပ်ကျောင်းသို့သွားရောက်၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ (၂၅.၁၀.၂၀၂၄) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ငပုတောမြို့နယ်၊ မြို့ပေါ်ရပ်ကွက်ရှိစတိုးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
(၂၄-၁၀-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်၌ အမှတ်(၄၂/၄၆)၊ လမ်းသစ်လမ်း၊ အင်းစိန်မြို့နယ်ရှိ One Stop Mart သို့သွားရောက်၍ စည်သွပ်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူးနှင့်ဝန်ထမ်းသည် (၂၄.၁၀.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဂန့်ဂေါမြို့ ကျောတိုက်ရပ်ကွက်ရှိ ငွေတံခါးသောက်ရေသန့်လုပ်ငန်းသို့သွားရောက်၍ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်ရေးနှင့် ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ဆောင်ရွက်နိုင်ရေးတို့အား လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးအသိ ပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။