သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် တောင်ငူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဦးအောင်ကိုကိုနှင့်အတူ အောက်တိုဘာလ ၂၅ ရက်နေ့ နေ့လယ်ပိုင်းတွင်တောင်ငူမြို့ပေါ်ရှိ ဆန်သိုလှောင်ရုံများနှင့် ဆန်အရောင်းဆိုင်များသို့လည်းကောင်း၊ ရေတာရှည် မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ရေတာရှည်မြို့ပေါ်ရှိ ဆန်သိုလှောင်ရုံများနှင့် ဆန်အရောင်းဆိုင်များသို့လည်းကောင်း သွားရောက်၍ ဆန်သိုလှောင်ထားရှိမှုနှင့် ရောင်းချဖြန့်ဖြူးမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် အောက်တိုဘာလ ၂၅ ရက်နေ့၊ နံနက်ပိုင်းက ရေတာရှည်မြို့ရှိ ဆီကုန်သည် ဦးမျိုးဝင်းအောင်၏ကုန်စုံဆိုင်၌ ရေတာရှည်မြို့ပေါ်ရှိ စားသုံးဆီလက်လီလက်ကားရောင်းချသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် စက်သုံးဆီဖြန့်ဖြူးရောင်းချလျက်ရှိသော ဆိုင်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ များပူးပေါင်း၍ အောက်တိုဘာလ(၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့ နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး
ဦးစီးဌာနနှင့်ပူးပေါင်း၍ ( ၂၄.၁၀.၂၀၂၄ )ရက်နေ့ နံနက် ( ၁၀:၀၀ )နာရီအချိန်တွင် ပြန်ဆက်ဦးစီးဌာန
Community Centerတွင် ခရိုင်ဦးစီးမှူး ဦးသန်းစိုးက စားသုံးသူအသိပညာပေး Talk Show ကျင်းပ
ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်ခရိုင်
ဦးစီးမှူးရုံး၌ သုခစံသောက်ရေသန့် ရောင်းဝယ်ရေးလုပ်ငန်းရှင်ဒေါ်မြင့်မြင့်ဆွေနှင့် (၂၄.၁၀.၂၀၂၄)
ရက်နေ့၊ နံနက် ( ၁၀:၀၀ ) နာရီအချိန်တွင် စားသုံး/ ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီသည် နှင့်
တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၈)ပါကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်