သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
04 Nov 2024

စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၂၅-၁၀-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် လေးမျက်နှာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ မြို့နယ်ထွေအုပ်ရုံး၊ အစည်း အဝေးခန်းမ၌ ဒု-မြို့နယ်စီမံအုပ်ချုပ်ရေးမှူးနှင့် ဆန်စက်လုပ်ငန်းရှင်၊ ဆန်/ စပါးကုန်သည်များတွေ့ဆုံ၍ ဆန်/ စပါးကုန်သည်များအသင်းဖွဲ့စည်းခြင်းအစည်းအဝေးကို တွေ့ဆုံဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

04 Nov 2024

စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၂၄-၁၀-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဇလွန်မြို့နယ်၊ ယင်းမလွတ်အုပ်စုရှိ Online စနစ်ဖြင့်ရောင်းချလျက်ရှိသော မုန့်မျိုးစုံလုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်ထားမှုရှိ/ မရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှုရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

04 Nov 2024

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၂၃-၁၀-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ မြန်အောင်မြို့ နယ်၊ မြို့မနေခြည်ဈေးအတွင်းရှိ ဆေးမျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

04 Nov 2024

စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်တာဝန်ခံသည် (၂၃-၁၀-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မြန်အောင်မြို့နယ်အတွင်းရှိ ဆန်ဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

04 Nov 2024

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်ဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်းရှိ စားသောက်ကုန်ထုတ်လုပ်ရောင်းချနေသော လုပ်ငန်းရှင်ကြီးများမှ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များအား သိရှိလိုက်နာနိုင်စေရန်နှင့် ထုတ်လုပ်သောစားသောက်ကုန်များတွင် ကုန်အညွှန်းအမှတ်အသားများ မှန်ကန်ပြည့်စုံစွာဖော်ပြမှုရှိစေရေး ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၂၅)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ပြည်ခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ပြည်ခရိုင်အတွင်းရှိ စားသောက်ကုန်ထုတ်

Pages