သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
04 Nov 2024

       စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၂၃.၁၀.၂၀၂၄)နေ့ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် ဟင်္သာတမြို့၊ ဈေးကလေးလမ်း၊ တာငါးဆယ်မြောက်ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ၂၁၅  ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

04 Nov 2024

       စားသုံးသူရေးရာဦးစီးဌာန၊ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ (၂၅.၁၀.၂၀၂၄)ရက်နေ့ နံနက်(၁၀:၃၀)အချိန်တွင် လေးမျက်နှာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ “AUNG” သောက်ရေသန့် စက်ရုံသို့  SMEs ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

04 Nov 2024

          စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၂၃.၁၀.၂၀၂၄)နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် မြန်အောင်မြို့၊ မာလကာကုန်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ၁၉၇ ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းနှင့်  စာဖတ်ရှိန်မြှင်တင်ရေး  အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ပါသည်။

04 Nov 2024

       ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့်ဝန်ထမ်းများသည် (၂၃.၁၀.၂၀၂၄)ရက်နေ့ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနရုံး၌ မြို့နယ်ပုဂ္ဂလိကမော်တော်ယာဉ် စနစ်တကျပြေးဆွဲရေးကြီးကြပ်ရေးကော်မတီဥက္ကဌ ဦးဇော်ထိုက်အောင်နှင့် တွေ့ဆုံ၍ မော်တော်ယာဉ်များစနစ်တကျပြေးဆွဲနိုင်ရေးနှင့် ပတ်သက်၍ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့ပါသည်။

04 Nov 2024

         ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးနှင့်ဝန်ထမ်းများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန တို့နှင့်ပူးပေါင်း၍ (၂၃.၁၀.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဝါးခယ်မမြို့နယ် သရွတ်မြိုက် အ.လ.က ကျောင်းတွင် ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူများနှင့် ကျောင်းမုန့်ဈေးတန်းရောင်းချသူဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

Pages