ရှမ်းပြည်နယ်ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၂/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်း အဝေး ကျင်းပခြင်း

Powered by Drupal

    ရှမ်းပြည်နယ်အတွင်း ဒေသတစ်ခုမှ ဒေသတစ်ခုသို့ စပါး၊ ဆန်နှင့် ဆန်ကွဲသယ်ဆောင်ခြင်းနှင့် စပ်လျဉ်းသည့် လုပ်ငန်းဆောင်ရွက်ချက်ဆိုင်ရာ စံလုပ်ထုံးလုပ်နည်း ( Standard Operating Procedure-SOP)ကို  မျှောစာ စနစ်ဖြင့် စပါး၊ ဆန်နှင့် ဆန်ကွဲ သယ်ဆောင်ခြင်းကိစ္စနှင့်  ပြည်နယ်ဆန်စပါး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၂/၂၀၂၆) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန်လ (၁၈-၆-၂၀၂၆) ရက်နေ့၊ နံနက် (၉း၃၀)တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

              အဆိုပါ အစည်းအဝေးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလဆိုင်းနှင့် ပြည်နယ်ဆန်စပါးလုပ်ငန်းကြီးကြပ်‌ရေးအဖွဲ့ဝင်များဖြစ်သော အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ရဲတပ်ဖွဲ့ နှင့် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အထူးဖိတ်ကြားထားသည့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များ အသင်း(ရှမ်းတောင်)အသင်းခွဲ၊ ရှမ်း(တောင်) ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆန်စပါးလုပ်ငန်း လုပ်ကိုင်နေကြသော လုပ်ငန်းများစုစုပေါင်း (၄)ဦးက Inperson ဖြင့် တက်ရောက်ခဲ့ကြပြီး ပအိုဝ်း/ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၊ လားရှိုး/ ကျိုင်းတုံ/ တာချီလိတ်/ ကလော/ လွိုင်လင်/ နမ့်စန် ခရိုင်ဆန်စပါးလုပ်ငန်းကြီးရေးအဖွဲ့များမှ Online မှ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။

              အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဒေါက်တာလှဆိုင်းက အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးရွှေဖြူက အမှာစာများကို Power Point များဖြင့် အသေးစိပ် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော အဖွဲ့ဝင်များ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များမှ အမှာစာအပေါ် ဝိုင်းဝန်ဆွေးနွေးအကြုံပြုပြီး ရှမ်းပြည်နယ်အတွင်း ဒေသတစ်ခုမှ ဒေသတစ်ခုသို့ စပါး၊ ဆန်နှင့် ဆန်ကွဲသယ်ဆောင်ခြင်းနှင့် စပ်လျဉ်းသည့် လုပ်ငန်းဆောင်ရွက်ချက်ဆိုင်ရာ စံလုပ်ထုံးလုပ်နည်း ( Standard Operating Procedure-SOP)ကို  မျှောစာ စနစ်ဖြင့် စပါး၊ ဆန်နှင့် ဆန်ကွဲ သယ်ဆောင်ခြင်းနှင့် ပတ်သက်၍ ရက်ပေါင်း(၆၀) ကာလအတွင်း ပညာပေး ကာလဖြစ်ပြီး ရက်ပေါင်း(၆၀) ပြည့်လျှင် မျှောစာ စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကြံပြု ဝိုင်းဝန်းဆွေးနွေးခဲ့ပါသည်။

              ထို့နောက် အကြံပြုဆွေးနွေးချက်များအပေါ် ပြည်နယ်ဆန်စပါးလုပ်ငန်းကြီးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး အစည်းအဝေးကို နံနက်(၁၁:၃၀)တွင် ရုပ်သိမ်းခဲ့ပါသည်။ 

DOCA(ရှမ်း)