ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်တွင် MSME ဒေသတွင်းစားသောက်ကုန်လုပ်ငန်းများအား ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

         မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၅.၆. ၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရေနံချောင်းမြို့နယ်အတွင်းရှိ MSME ဒေသတွင်း စားသောက်ကုန် ထုတ်လုပ်သည့် “ထွန်းအောင်လှိုင်-၂” ပဲခွေကြော်၊ “ဧရာဦး” ပဲချောင်း၊ “မသက်သက်နှင့် မောင်ညီမများ” ပဲချောင်း စသည့် လုပ်ငန်းများသို့ သွားရောက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြ ချက်များ ပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများက စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့ထုတ်လုပ်သည့် ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည်ဖြစ်ကြောင်း၊ ၎င်းအပြင် ထုတ်လုပ်သည့် မုန့်လုပ်ငန်းများပေါ် တွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံး သည့်ရက်စွဲ၊ ထုတ်လုပ်သည့်လုပ်ငန်းအမည်နှင့်လိပ်စာ၊ ပါဝင်သော ကုန်ကြမ်းအမျိုးအစားများနှင့် ဓါတ် မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက် စသည့်အချက် အလက်များပြည့်စုံစွာပါဝင်စေရေးနှင့် ဥပဒေပါ ပြဌာန်းချက်များကို လိုက်နာဆောင်ရွက်ရန် အသိပညာ ပေးဆွေး‌နွေးခဲ့ပါသည်။

          စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ခရိုင်မြို့နယ်အတွင်းဒေသတွင်း MSME ထုတ်ကုန်များအား သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိစေရန်အသိပညာပေးခြင်း၊ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေး ခြင်းနှင့် ကွင်းဆင်းစစ်ဆေးကြပ်မတ်ခြင်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။

DOCA(မကွေး)