
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်ယဉ်ယဉ်ရွှေ (ဦးစီးအရာရှိ)၊ ဦးဆောင်သည့် စစ်ဆေးရေးအရာရှိများ၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမားရေးဦးစီးဌာန၊ အစားအသောက် နှင့်ဆေးဝါးကွက်ကဲရေးဦးစီးဌာန၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ မန္တလေးတိုင်း ဒေသကြီး၊ အထွေထွေအုပ်ချုုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းပါဝင်သောအဖွဲ့တို့သည် ၁၁-၆-၂၀၂၆ ရက်နေ့ နံနက်(၉:၃၀) နာရီအချိန်တွင် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ အမှတ်(၁၂) အခြေခံပညာအလယ်တန်းကျောင်း(ထခွဲ)၊ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တို့၌ ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း ဦးစားပေးကုန်စည်အဖြစ် သတ်မှတ်ထားသော အသင့်စားမုန့်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါ သည်။
ထိုသို့စစ်ဆေးရာတွင် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များနှင့် အခန်း (၁၈) ပါ ကုန်ပစ္စည်းထုပ်ပိုးမှုပေါ်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာအချက်အလက်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ် ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အချက်အလက်များအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး ဥပဒေပါပြဋ္ဌာန်းချက်များကိုလည်း သိရှိလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပညာပေးဆွေးနွေး၍ လိုက်နာမှုမရှိပါက အရေးယူဆောင်ရွက်သွားမည့် အခြေ အနေများအား အသိပေးခဲ့ကာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)
