သတင်းနှင့် လှုပ်ရှားမှုများ
Powered by Drupal
08 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင် ဒု-ဦးစီးမှူးနှင့် ဒေါ်အေးစန္ဒာထွန်း တို့သည် ၂၆.၆.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်က အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)ကျောင်းသို့ သွားရောက်၍ ကျောင်းသား/ သူများ အား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။

08 Jul 2025
၂၄.၆.၂၀၂၅ ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် စားသုံးသူရေးရာဦး စီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင်၊ ဒု-ဦး စီးမှူးနှင့်တန်ထမ်း(၁)ဦး တို့သည် ညောင်တုန်းမြို့နယ်၊ အ.ထ.က ခွဲ ကျောင်း တွင် ရောင်းချနေသော အစားအသောက်များအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

08 Jul 2025
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၂၅-၆-၂၀၂၄)ရက်နေ့၊ နံနက်(၀၇၃၀)နာရီအချိန်တွင် စားအုန်းဆီများကို ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

08 Jul 2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ အငြိမ်းစား ဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်ခြင်းနှင့် အာဟာရဒါန ထောက်ပံ့လှူဒါန်း ခြင်း၊ အခြေခံစားသောကုန်များကို သက်သာသောဈေးဖြင့် ဝယ်ယူလိုသူများအား (၂၅-၆-၂၀၂၅) ရက်နေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

08 Jul 2025
ဓနုဖြူမြို့နယ်၌ စျေးကွက်အတွင်း " Signal သွားတိုက်ဆေးအတု" များရောင်းချခြင်းရှိ/မရှိ စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများကို (၂၄-၆-၂၀၂၅)ရက်နေ့ နံနက်(၁၀)နာရီက ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူ အသီးသီးတို့က မြို့ပေါ်ရပ်ကွက်(၄)ခု၌ ဆောင်ရွက်ခဲ့သည်။

