သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
01 Nov 2023

   စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၅)ရက်နေ့၊ နံနက် ( ၀၈:၃၀ ) နာရီအချိန်တွင် မြန်မာနိုင်ငံဆီကုန်သည်များအသင်းနှင့် ကယားပြည်နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ချိတ်ဆက်၍ ဖြန့်ဖြူးရောင်းချလျက်ရှိသော စားအုန်းဆီများအား ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ အချိန်အတွယ် ဂါလံလီတာပြည့်မီမှု ရှိ/မရှိကို မြို့နယ်စားအုန်းဆီနှင့်ဆန်ရောက်ရှိမှုစိစစ်ကြီးကြပ်ရေးအဖွဲ့ဖြင့် ပူးပေါင်း၍ ကွင်းဆင်းကြပ်မတ်ခြင်းလုပ်ငန်းများဆောင်

01 Nov 2023

    စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း( ၃ )ဦးသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၂၅)ရက်နေ့၊ နံနက် ( ၁၀:၀၀ ) နာရီအချိန်တွင် လွိုင်ကော်မြို့၊ နောင်ယား(က)ရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံး၌ ဝန်ထမ်းစုစုပေါင်း ( ၂၀ )ဦးကို စားသုံးသူကာကွယ်ရေးအကြောင်း  အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

01 Nov 2023

         စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးတိုင်းဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ၂၄.၁၀.၂၀၂၃ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့် မန္တလေးတိုင်းဒေသကြီးဆန်ကုန်သည်အသင်းဥက္ကဌ၊ ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဌ၊ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဥက္ကဌ၊ ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူးနှင့် မန္တလေးတိုင်းဒေသကြီးဆန်ကုန်သည်နှင့် လုပ်ငန်းရှင်များတက် ရောက်ခဲ့ပြီး ပေါ်ဆန်းစပါး / ဆန်မျ

01 Nov 2023

   စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင်  လွိုင်ကော်မြို့ပေါ်ရှိ စားသုံးဆီအမျိုးမျိုးဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ဈေးနှုန်းများမြှင့်တင်ရောင်းချမှုမရှိစေရန် ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ စားသုံးဆီအမျိုးမျိုးဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်(၄၄) ဦး နှင့်  တွေ့ဆုံဆွေးနွေးခြင်း  ဆောင်ရွက်ခဲ့ပါသည်။  

01 Nov 2023

  တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ခရိုင် ၅၀တို့တွင် (၂၀၂၃-၂၀၂၄) စာသင်နှစ်အတွင်း စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းများဖွင့်လှစ်ပေးခဲ့ရာ တောင်ငူခရိုင်တွင်လည်း စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းကို အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက် အခြေခံပညာအထက်တန်းကျောင်း၌ တွဲလျက်ဖွင့်လှစ်ထားပါသည်။ စတင်ဖွင့်လှစ်သည့် ယခုစာသင်နှစ်တွင် ကျောင်းသား/ ကျောင်းသူ ၂၇ဦးတက်ရောက်ပညာသင်ကြားလျက်ရှိပါသည်။

Pages