
စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)က ဦးဆောင်၍ ညောင်းဦးမြို့နယ် မဏိစည်သူဈေးအတွင်းရှိ ဆန်လက်လီလက်ကားရောင်းချသော ဝင်းစတား ဆန်ဆိုင်သို့ (၁၈-၉-၂၀၂၅)ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေး ပူးပေါင်း အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ၌ ဝင်းစတားဆန်လက်လီလက်ကား အရောင်းဆိုင်တွင် ရောင်းချနေသော ဆန်အမျိုးအစားများမှာ ရွှေဘိုပေါ်ဆန်း (၂၄)ပြည်တစ်အိတ်လျှင် (၁၅၀၀၀၀) ကျပ်၊ ဧရာပဒေသာ (၂၄) ပြည်တစ်အိတ်လျှင် (၁၂၅၀၀၀) ကျပ်၊ မနောသုခဆန် (၂၄)ပြည်တစ်အိတ် လျှင်(၈၃၀၀၀)ကျပ်၊ ဧည့်မထဆန်(၂၄)ပြည် တစ်အိတ်လျှင်(၇၅၀၀၀)ကျပ်ဖြင့် သင့်တင့်မျှတ သောဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ ဝင်းစတားဆန်ဆိုင်ပိုင်ရှင်အား ဈေးကွက်အတွင်းဆန်များ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ဈေးနှုန်းများ တည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ရန်၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်းခြင်းများ မပြုလုပ်ရန်နှင့် ဆန်သိုလှောင်ရုံမှတ်ပုံတင်သက်တမ်း ပြည့်ပါက MyRO တွင် ဆက်လက်မှတ်ပုံတင်သက်တမ်းတိုးသွားရန် စသည်တို့ကိုဆွေးနွေး ပြောကြားခဲ့ကြောင်းသိရှိရသည်။
DOCA(မန္တလေး)