သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
31 Oct 2023

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ ကလေးဝမြို့နယ်တာဝန်ခံ ဦးကျော်ကျော်မိုး(ဒု-ကြီးကြပ်ရေးမှူး )သည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ( ၂၅ ) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်၌  ကလေးဝမြို့၊ အမှတ်-၂ ရပ်ကွက်ရှိ(မူလွန်-၂) ကျောင်းသို့သွားရောက်၍ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ ( ၃၀ )ဦး၊ ကျောင်းသား/သူ ( ၃၈၀ ) ဦး၊ စုစုပေါင်း ( ၄၁၀ ) ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

31 Oct 2023

    မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် မကွေးတိုင်းအတွင်းရှိစျေးများ၌ အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်သုံးစွဲမှုမပြုရေး Campaign အား ဆောင်ရွက်လျက်ရှိရာ (၂၃.၁၀.၂၀၂၃) ရက်နေ့၊ နံနက်(၀၈:၀၀)နာရီတွင် မကွေးမြို့၊ ကန်သာစျေး၌ စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံး သူရေးရာဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်‌ရေးမှူးတို့ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ပါသည်။

31 Oct 2023

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူများဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များသုံးစွဲနိုင်ရန်ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းအား လစဉ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၂၄)ရက်နေ့တွင် ကသာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦးသည် အင်းတော်မြို့ရှိ ကုန်စုံဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

27 Oct 2023

          စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံဝန်ထမ်း (၃)ဦးတို့သည် ၂၀၂၃ခုနှစ် အောက်တိုဘာလ  ၂၄  ရက်နေ့ နံနက် ၁၀နာရီအချိန်တွင် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ “T & C” ကိတ်မုန့်/ ပေါင်းမုန့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)၊ အခန်း(၁၈)အရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

27 Oct 2023

          စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူး၊မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် အောက်တိုဘာလ ၂၃ ရက် နံနက် (၁၀:၀၀)နာရီအချိန်က မုံရွာမြို့၊ SEC ကိုယ်ပိုင် အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ စားသုံးသူကာကွယ်ရေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းအင်အား (၄၁၅) ဦး တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။      

Pages