သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် (၂၀.၁၀.၂၀၂၃) ရက်နေ့၊နံနက်(၁၁:၀၀)နာရီအချိန်တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ စားသုံးသူပြည်သူများအား လပွတ္တာခရိုင် (၃)မိုင်မြို့သစ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။
ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန ၊မြို့နယ်တာဝန်ခံက ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၂၀)ရက်နေ့ ၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဒေးဒရဲမြို့၊ မြို့မဈေးအတွင်း ကုန်မျိုးစုံရောင်းချနေသောဆိုင်များရှိ ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ အဆိုပါ ကွင်းဆင်းစစ်ဆေးရာ၌ မြို့နယ်တာဝန်ခံက ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်ပစ္စည်းအမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မဖြစ်မနေသိသာထင်ရှားစွာဖော်ပြရမည့် သတ်မှတ်ချက်များတွင် ကုန်စည
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမင်းဇော်သည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၂၀)ရက်နေ့၊ နေ့လယ်(၁၁:၀၀)နာရီအချိန်တွင် ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ဖျာပုံမြို့၊ T.T.A ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူ(၆၀)ဦးတို့အား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများဟောပြောခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံဦးမင်းဇော်လတ်သည် (၂၀.၁၀.၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၅:၃၀)နာရီတွင် အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ အားကစားသင်တန်း တက်ရောက်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်မှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊အောက်တိုဘာလ (၂၀) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် အမှတ်(၆) အ.မ..က ကျောင်းရှိ ဆရာ/ဆရာမ (၅) ဦး၊ ကျောင်းသား/သူ (၁၀၁) ဦးတို့အား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများဟောပြောခဲ့ပါသည်။