သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည် (၂၀.၁၀.၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းကာ စားသုံးသူပြည်သူများအား အိမ်မဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး (ရုံးအုပ်)သည် ၂၄.၁၀.၂၀၂၃ ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ လယ်မှီးကျေးရွာရှိ စားသုံးသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၁၂) နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ ဆေးဝါးနှင့်ဆေးပစ္စည်းအမျိူးမျိုး ရောင်းချနေသည့် ဆေးဆိုင်များသို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် တရားဝင်မှတ်ပုံတင် ထားခြင်းမရှိသောဆေးဝါးများ တင်သွင်းရောင်းချခြင်းများရှိ/မရှိ မိတ်ဖက်ဌာနများဖြစ်သော မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ် ကဲရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မုဒုံမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၃-၁၀-၂၀၂၃) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မုဒုံမြို့နယ်ရှိ ကုန်စုံဆိုင်နှင့်စတိုးဆိုင်များတွင် ရောင်းချလျက်ရှိသောခေါက်ဆွဲခြောက်အမျိုးမျိုး (MAMEE အမှတ်တံဆိပ်၊ MAMA အမှတ်တံဆိပ်၊ Wah-Lah အမှတ်တံဆိပ်၊ XOXO အမှတ်တံဆိပ်) တို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်၊ မြို့နယ်တာဝန်ခံရုံးမှဝန်ထမ်းများသည် (၂၄-၁၀-၂၀၂၃) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်၊ မင်္ဂလာဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ဟင်းခတ်အချိုမှုန့်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိ၊ သက်ဆိုင်ရာဌာနများမှ ထောက်ခံချက်ပါရှိမှုရှိ/မရှိတို့ကိုစစ်ဆေးခဲ့ရာ ဈေးကွက်အတွင်း၌ စားသုံးရန်သင့်သော၊ ဘေးအန္တရာယ်ကင်းသောဟင်းခတ်အချိုမှုန့်မ