သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်ချက်အရ ပြည်ခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွားကာကွယ်ရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စားသုံးသူအသိပညာပေးဟောပြောပွဲများ ကျင်းပခြင်းနှင့် စီးပွားရေး ကျင့်ဝတ်စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်နိုင်စေရေး ရည်ရွယ်၍ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်အတွင်း ပြည်မြို့နယ်၌ (၁၇.၁၀.၂၀၂၃)နေ့တွင် မ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်အဖွဲ့သည် (၂၀.၁၀.၂၀၂၃)နေ့တွင် (၁၀:၀၀)နာရီ အချိန်တွင် ပန်းတနော်မြို့ပေါ်ရှိ စားအုန်းဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူပြည်သူများအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖေါ်ပြထားမှု အခြေအနေတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၁၆.၁၀.၂၀၂၃)နေ့တွင် ပန်းတောင်းမြို့၊ နတ်မောက်ရွာရ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့်ဝန်ထမ်းများသည် (၂၀.၁၀.၂၀၂၃)နေ့တွင် (၁၀:၀၀)နာရီ အချိန်တွင် ဓနုဖြူမြို့နယ် မြို့မဈေးအတွင်းရှိ မုန့်ဟင်းခါး၊ ခေါက်ဆွဲဖတ်၊ မျှစ်၊ ငရုတ်သီးမှုန့်၊ မျှင်ငပိဆိုင်များနှင့် ကုန်မျိုးစုံဆိုင်များတွင်ရောင်းချနေသော ကုန်မျိုးစုံအား မိတ်ဖက်ဌာနဖြစ်သော FDA ဌာနနှင့်အတူ ရှောင်တခင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ် မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် ၂၀၂၃ခုနှစ် အောက်တိုဘာလ ၂၀ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဓနုဖြူ မြို့နယ်ဦးစီးမှူးရုံး၌ ဆန်စပါးလုပ်ငန်းရှင်(၂၅)ဦးနှင့် တွေ့ဆုံ၍ လုပ်ငန်းရှင်အသိပညာပေးဆွေးနွေးခြင်းကို ပြုလုပ်ခဲ့ကြပါသည်။