သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
27 Oct 2023

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိ/မရှိ  ဈေးကွက်စောင

27 Oct 2023

     စားသုံးသူရေးရာဦးစီးဌာန၊ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးမျိုးဝင်းနိုင်(ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည် ကရင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့်ပေါင်းစပ်၍ ၂၄-၁၀-၂၀၂၃ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဘားအံခရိုင် မီးသတ်ဦးစီးဌာနအစည်းအဝေးခန်းမတွင် မီးသတ်ဦးစီးဌာနဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ စုစုပေါင်း (၂၅)ဦးတို့ကို စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ၊ အစားအသောက်နှင့် ဆေးဝါးအကြောင်း သိကောင်းစရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

27 Oct 2023

    ဖျာပုံမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဖျာပုံမြို့၊ အမှတ်(၁၇)ရပ်ကွက်၊ ပုလဲလမ်းရှိ တစ်နိုင်တစ်ပိုင်မုန့်များထုတ်လုပ်ရောင်းချနေသည့် လင်းလင်းဇော် ပဲမုန့်လုပ်ငန်းသို့သွားရောက်၍ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

27 Oct 2023

    တရားဝင်တင်သွင်းခွင့် အထောက်အထားတင်ပြနိုင်ခြင်းမရှိသောကြောင့် သံလွင်တံတားစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီး၍ အမှုဖွင့်ထားသော ကုန်စည်များမှ ပုပ်သိုးပျက်စီးလွယ်သော အသားလုံး အသားတုများအား အကောက်ခွန်ဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပါဝင်သောအဖွဲ့စုံဖြင့် ဘားအံမြို့ ထန်းကိုးပင် သုဿာန်တွင် ဖျက်ဆီး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

27 Oct 2023

   ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့၊ အမှတ်(၂)ရပ်ကွက်နေ ပြည်သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများဟောပြောခဲ့ပါသည်။

Pages