
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် စက်တင်ဘာလ(၁၈)ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်ရှိ မြနှင်းဆီစတိုးဆိုင်နှင့် ရတနာလင်း စတိုးဆိုင်များသို့ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်အတူ ပူးပေါင်း ဆောင်ရွက် ခဲ့ပါသည် ။ ထိုသို့စစ်ဆေးရာတွင် ဈေးကွက်အတွင်း အသင့်သောက်အချိုရည်များ၊ အရန်သင့်အစားအစာများ၊ အာဟာရဖြည့်စွက်စာများ၊ လူသုံးကုန်ပစ္စည်းများ၊ သွားတိုက်ဆေးများနှင့် ဆပ်ပြာအမျိုးမျိုးတို့အား ကုန်ပစ္စည်းပြတ်လတ်မှုရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တက်ခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး မုန့်မျိုးစုံရောင်းချသည့်ဆိုင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း ၁၈ ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ၄င်းအချက် အလက်များမှ ပုဒ်မ(ခ)ရှိ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် နှင့် အသားတင်ပမာဏ ၊ ထားသိုသိမ်းဆည်းမှုအညွှန်း ၊ သုံးစွဲပုံနည်းလမ်း နှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု (သို့) တစ်ခုထက်ပို၍ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှ လည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)