သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးနှင့် ဝန်ထမ်းများသည် စားသုံးသူပြည်သူများအား အခွင့်အရေးများရရှိစေရန်နှင့် ကုန်စည်နှင့်ဝန်ဆောင်မှုများအား မှန်ကန်စွာရွေးချယ်ဝယ်ယူတတ်စေရန်အတွက် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို (၉.၁၁.၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းသို
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ပန်းတနော်မြို့နယ်သို့သွားရောက်၍ (၉-၁၁-၂၀၂၃)ရက်နေ့တွင် ပန်းတနော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမတွင် ပန်းတနော်ဆန်စပါးလုပ်ငန်းရှင်များနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၈-၁၁-၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်၊ အလန်မန်းကျောင်စုကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျေးရွာနေပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၀-၁၁-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်၊ ကြီးနီစုကျေးရွာ (အ-ထ-က) ကျောင်း၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၌ ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန လေးမျက်နှာမြို့နယ်တာဝန်ခံသည် လေးမျက်နှာမြို့နယ်၊ ပိန်အင်းကျေးရွာအုပ်စု၊ ဆွမ်းလောင်းဓမ္မာရုံ၌ ပီလောပီနံလုပ်ငန်းရှင်(၂၅)ဦးအား (၈.၁၁.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၂:၃၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။