ဘီးလင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး၊ Community Center ၌ မြန်မာဆန်စပါးအွန်လိုင်း (MyRo) အကြောင်း သိကောင်းစရာ Talk Show ပြုလုပ်

Powered by Drupal

   ၂၂.၉.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနှင့် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ မြန်မာဆန်စပါးအွန်လိုင်း (My Ro) အကြောင်းသိကောင်းစရာ (Talk Show) အား ပြုလုပ် ဆွေးနွေးခဲ့ပါသည်။

          အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက မြန်မာဆန်စပါးအွန်လိုင်း (MyRo) တည်ထောင်ရခြင်း၏ ရည်မှန်းချက်နှင့် အခြားသိလိုသည်များကို မေးမြန်းခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံ ဦးစီးမှူး ဒေါ်ဇင်ဖြူဝင်းက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ (MyRo) အား လွှင့်တင်ပြီး တည်ထောင်ရခြင်း၏ ရည်မှန်းချက်(၃)ရပ်နှင့် (MyRo) မှတ်ပုံတင်ခြင်းဆိုင်ရာ အချက်အလက်များ၊ မှတ်ပုံတင်ခြင်း ဖြင့် အကျိုးရရှိမည့် အချက်များဖြစ်သည့် နိုင်ငံအတွင်း ဆန်စပါးလက်ကျန်အား အလွယ်တကူ သိရှိနိုင်ခြင်း၊ စျေးမတည်မငြိမ်မဖြစ်စေရန် ထိန်းပေးနိုင်ခြင်း၊ ဆန်စပါးသိုလှောင်ရုံနှင့် ဆန်ဆိုင်ကြီးများ၊ စနစ်တကျရှိစေနိုင်ခြင်းစသော အချက်များအား ပြည့်စုံစွာ ရှင်းပြဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။

  DOCA (မွန်)