သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးဦးမျိုးအောင်သည်(၂၈-၅-၂၀၂၄)ရက်နေ့ နေ့လယ်ပိုင်းက တောင်ငူခရိုင်အတွင်းရှိဘူးသွင်းစားသုံးဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့မှထုတ်ပြန်သည့် အမိန့်အမှတ် ၂/ ၂၀၂၄နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၈-၅-၂၀၂၄) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်းရှိ စားအုန်းဆီ လက်ကားရောင်းချသည့်ဆိုင်များ၊ ဆန်ပွဲရုံ/ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှုနှင့် ပုသိမ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ငပုတော/ သာပေါင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ၊ မြို့နယ်မွေးမြုးရေးနှင့် ကုသရေးဦးစီးဌာန စားသုံးသူရေးရာဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ပါဝင်သော မေလ ၂၇ ရက်နေ့ တွင် ပုသိမ်ခရိုင်အတွင်း နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းက လုပ်ကိုင်ဆောင်ရွက်နေသော တောင်သူများ

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဦးပိုင်အမှတ် (၈၀/၆၇)၊ အဖျောက်(၃)ရပ်ကွက်၊ အဖျောက်မြို့ရှိ UK (ဦးကျော်ကျော်)သို့ ၂၇-၅-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဒေါ်တင်တင်ဌေး(ရုံးအုပ်)သည် သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ခိုင်ရွှေ၊ ဒုကြီးကြပ်ရေးမှူးပါ (၃)ဦးတို့သည် (၂၇-၅-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် အင်းစိန်မြို့နယ်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး-၄ ဦးသန်းထိုက်ဇော်၊ အင်းစိန်ဈေးတာဝန်ခံ ဦးလှသူပါ(၂)ဦး၊ အင်းစိန်ဈေးအတွင်းရှိ ပြည့်ဝဆေးနှင့်ဆေးပစ္စည်းဆိုင်ပိုင်ရှင် ဒေါ်အိမာအား စားသုံးသူအသိပညာပေးဆွေးနွေးပြောကြားခဲ့ပါသည်။
