သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
12 Jun 2024

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့်ဝန်ထမ်းများသည် (၅.၆.၂၀၂၄) နေ့ ၊နံနက် (၁၀:၃၀) နာရီအချိန်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ညောင်တုန်းမြို့နယ်စက္ကော့ကျေးရွာ စိုက်ပျိုးရေး ကျောင်း၌ ကျောင်းသား၊ကျောင်းသူ (၁၁၅) ဦးအား စားသုံးသူအသိပညာပေး ဟောပြော ဆွေးနွေးခဲ့ပါသည်။

12 Jun 2024

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကျေးရွာပေါင်း (၇၆)အုပ်စုရှိပါသည်။ ကျေးရွာများရှိ တောင်သူများ ယခင်စိုက်ပျိုးနည်းစနစ်အစား ကျဲခင်းစိုက်ပျိုးမှုအစား အစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းလုပ်ငန်းကို ယခုမိုးစပါးစိုက်ပျိုးချိန်၌ ဆောင်ရွက်လျက်ရှိကြောင်း ၂၀၂၄ခုနှစ် ဇွန်လဆန်းပိုင်းက တောင်သူများစိုက်ပျိုးနေမှုများကို ကွင်းဆင်းလေ့လာမှုအရ သိရှိရသည်။

12 Jun 2024

    ဧရာဝတီတိုင်း​ဒေသကြီး၊​ မအူပင်ခရိုင်၊​ ညောင်တုန်းမြို့နယ် ဆားမလောက်ကျေးရွာ စိုက်ဘဏ်ရုံး နေရာ၌ (၃.၆.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် တောင်သူစပါးအထွက်တိုးစေရန်နှင့် စားသုံးသူအခွင့်အရေး သိရှိနားလည်ပြီး စပါးစိုက်ပျိုးရာတွင် စိုက်ပျိုးရေးသုံးကုန်စည်များကို ရွေးချယ်ဝယ်ယူ အသုံးပြုတက်စေရန် ရည်ရွယ်၍ ​စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန တို့ပူးပေါင်း၍ အသိပညာပေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ ဟောပြောဆွေးနွေးကြောင်း သိရသည်။

12 Jun 2024

       ၂၀၂၄  ခုနှစ်၊  ဇွန်လ၊  ၄  ရက်နေ့၊  နံနက် (၁၀း၀၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် မအူပင်ဆီလုပ်ငန်းရှင်(၁၉)ဦးအား ဖိတ်ကြား၍ စားသုံးဆီ ဖြန့်ဖြူးခြင်းရောင်းချခြင်းဆိုင်ရာ လုပ်ငန်းအတွက် လုပ်ငန်းရှင် အသိပညာပေးခြင်းနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်အကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြသည်။

12 Jun 2024

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းနှင့်ဝန်ထမ်းသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၀-၆-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ “ဖြိုးကြွယ်” ပျားရည်ဆမ်းပေါင်မုန့်ရောင်းချသည့် လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးအသိပညာပေး ဆွေးနွေးခဲ့ပါသည်။

Pages