သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
30 Nov 2023

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှူဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးနှင့်ဝန်ထမ်းများသည် စားသုံးပြည်သူများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသော စားသုံးဆီများ ဝယ်ယူသုံးစွဲနိုင်ရန်အတွက် (၁၇.၁၁.၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ပခုက္ကူမြို့မဈေးအတွင်းရှိ စားသုံးဆီဆိုင်များသို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ

30 Nov 2023

    စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်အနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ ကျောင်းများ၊ အသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာများ စသည့်နေရာဒေသများသို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ  ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၂၁ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် စစ်ကိုင်းမြို့နယ်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းရှိ    ဝန်ထမ်း(၃၉)ဦးအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ  အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါသည်။

29 Nov 2023

    ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၂၃)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursdays Talk အမှတ်စဉ်(၉/၂၀၂၃) ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

29 Nov 2023

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၁-၁၁-၂၀၂၃)  ရက်နေ့တွင်  မွန်ပြည်နယ်၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းအနေဖြင့် မုဒုံမြို့နယ်အတွက် ခွဲဝေရရှိထားသော (၉)ကြိမ်မြောက် စားအုန်းဆီပေပါ (၁၃) ပေပါ၊ ဆီပိဿာချိန် (၁၄၃၀) ပိဿာကို ပြည်သူလူထုထံသို့ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

29 Nov 2023

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးဒေါ်စုစုထွန်းနှင့်ဝန်ထမ်းများသည် (၂၀.၁၁.၂၀၂၃)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့နှင့်ပူးပေါင်း၍ မင်းဘူးမြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်(၈)ဆိုင်နှင့် စည်ပင်သာယာဈေးအတွင်းရှိ အရောင်းဆိုင်(၄)ဆိုင်တို့အား တရားမဝင်တင်သွင်းထားသော "ပုဇွန်" အမှတ်တံဆိပ်ပါ စားသုံးဆီများဈေးကွက်အတွင်း ရောင်းမှုရှိ/မရှိ 

Pages