ထားဝယ်မြို့၊ စည်ပင်သာယာဈေးကြီးရှိ ကုန်စုံဆိုင်များအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

Powered by Drupal

    ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ ၊ နံနက် ၈း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အထွေ‌ထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ စည်ပင်သာယာဈေးကြီးရှိ ကုန်မျိုးစုံဆိုင်များအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ‌ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်စေရေး စျေးကွက်အတွင်းရောင်းချလျက်ရှိသော ကုန်ပစ္စည်းများတွင် မြန်မာဘာသာနှင့် ဖြစ်စေ၊ အခြားဘာသာတစ်ခုခုနှင့် ဖြစ်စေတွဲလျက်ဖော်ပြထားသော ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံမှန်ကန်စွာပါရှိမှုရှိ/မရှိ စစ်ဆေးခြင်း၊ သက်တမ်းလွန် စားသောက်ကုန်ပစ္စည်းများ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၏ ထောက်ခံချက်များမပါရှိသော တရားမဝင် ကုန် ပစ္စည်းများ ရောင်းချမှုများ ရှိ/မရှိစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 

DOCA(တနင်္သာရီ)