ပေါင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကျေးရွာချင်းဆက် လမ်းဘေးဝဲယာများ၌ စုပေါင်းသစ်ပင်စိုက်ပျိုး

Powered by Drupal

   ၂၂.၉.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ ပေါင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် သဲဖြူကုန်းကျေးရွာအုပ်စုရှိ နတ်စင်ကုန်း-ကန်ဖြူကျေးရွာချင်းဆက်လမ်းဘေးဝဲယာ၌ စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ရာ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဇော်လွင်ဦးနှင့်ဝန်ထမ်းများ၊ သဲဖြူကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်နှင့်ရပ်မိရပ်ဖများက စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြောင်းသိရသည်။

   ထိုသို့ စိုက်ပျိုးရာတွင် မန်ဂျန်ရှား (၁၀၀)ပင်၊ စိန်ပန်း(၁၀၀)ပင်၊ စုစုပေါင်း ပျိုးပင် (၂၀၀) အားစိုက်ပျိုးခဲ့ကြသည်။ သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသစ်ပင်များစိုက်ပျိုးခြင်းဖြင့်၊ ရေရှားပါးခြင်းအပြင် သဘာဝဘေးအန္တရာယ်အမျိုးမျိုးမှ ကာကွယ်နိုင်ရန်ရည်ရွယ်၍ ကျေးရွာ ချင်းဆက်လမ်းများအား စိုက်ပျိုးခဲ့ကြောင်းသိရသည်။

DOCA (မွန်)