သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ညှိနှိုင်းချက်အရ အောက်တိုဘာလ ၂၃ ရက်နေ့ နံနက်ပိုင်း(၁၁:၃၀)နာရီအချိန်တွင် ဖြူးမြို့မဈေးနှင့် ဆေးဆိုင်များ၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။
အခြေခံပညာကျောင်းသား/ ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်လျက် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံရုံးမှ ဌာနခွဲစာရေး ဒေါ်ပပလင်းသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖြူးမြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းနှင့်အတူ အောက်တိုဘာလ (၂၃) ရက်နေ့ နံနက်ပိုင်း(၁၀:၀၀)နာရီအချိန်က ဖြူးမြို့ မြို့မ(၁)ရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသား/ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့ပါသည်။
၂၀၂၄ ခုနှစ် ၊ အောက်တိုဘာလ ၂၅ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ စားသုံးသူရေးရာဦးစီဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းနှင့်စပ်လျဥ်း၍ အွန်လိုင်းစနစ်နှင့် ဖန်စီနှင့်အိမ်သုံးပစ္စည်းများ ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်သည့်လုပ်ငန်းရှင်အား အွန်လိုင်းမှတ်ပုံတင်လျှောက်ထားရာတွင် လိုအပ်သည့်အချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့ပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုး ရေးစီမံကိန်း လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲအခမ်းအနားအား တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့်အတူ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်ခဲ့ပါသည်။
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၃.၁၀.၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ဂန့်ဂေါမြို့ အခြေခံပညာမူလတန်းကျောင်း(ခွဲ)ရှိ မုန့်ဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။