သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
30 Oct 2024

     ၂၀၂၄ ခုနှစ် ၊ အောက်တိုဘာလ ၂၅ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ စားသုံးသူရေးရာဦးစီဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းနှင့်စပ်လျဥ်း၍ အွန်လိုင်းစနစ်နှင့် ဖန်စီနှင့်အိမ်သုံးပစ္စည်းများ ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်သည့်လုပ်ငန်းရှင်အား အွန်လိုင်းမှတ်ပုံတင်လျှောက်ထားရာတွင် လိုအပ်သည့်အချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့ပါသည်။

30 Oct 2024

         တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်မြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုး ရေးစီမံကိန်း လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲအခမ်းအနားအား တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့်အတူ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်ခဲ့ပါသည်။

30 Oct 2024

      မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၃.၁၀.၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ဂန့်ဂေါမြို့ အခြေခံပညာမူလတန်းကျောင်း(ခွဲ)ရှိ မုန့်ဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

30 Oct 2024

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် (၂၃.၁၀.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အစားအစာများ ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချ ရမှုရှိစေရေးအတွက် ဆိပ်ဖြူမြို့ ရွာသစ်ရပ်ကွက်ရှိ “ရတနာမိုး” ပဲကြော်လုပ်ငန်းသို့ သွားရောက်၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

30 Oct 2024

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ငွေစားရင်းတာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၄.၁၀.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ကုန်စည်နှင့်ဝန်ဆောင်မှုများ ရွေးချယ်ဝယ်ယူသုံးစွဲတတ်စေရန် ရည်ရွယ်၍ ပခုက္ကူမြို့၊ အခြေခံပညာမူလတန်းလွန် မြင်သာဆန်ကျောင်းသို့ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

Pages