လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်ရှိ စက်သုံးဆီရောင်းချနေသောဆိုင်များအား ရည်ညွှန်းဈေးဖြင့်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည်(၁၅..၂၀၂၆) ရက်  နံနက်(:)နာရီအချိန်တွင် မြို့ပေါ်ရှိ စက်သုံးဆီရောင်းချနေသောဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချပေးနေခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မော်ကျွန်းမြို့နယ်တာဝန်ခံမှ မြို့ပေါ်ရှိ စက်သုံးဆီရောင်းချနေသောဆိုင်များအား စက်သုံးဆီများကိုလက်လီ/လက္ကားရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရန်၊ အလေးချိန်ပြည့်ဝ မှန်ကန်စွာ ရောင်းချကြရန်၊ စည်းမျဉ်းစည်းကမ်းများနှင့် အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန် ရှင်းလင်းပြောကြားခဲ့ပြီး စက်သုံးဆီရောင်းချနေ သောဆိုင်ပိုင်အား စက်သုံးဆီရောင်းချမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းကြီးမြင့်နေမှုကို မိမိတို့ဆိုင်များအနေဖြင့် ပြည်သူများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ သတ်မှတ်ဈေးနှုန်းဖြင့်သာရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများ တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်သုံးဆီ ဆိုင်ပိုင်ရှင်အား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)