သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူး၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ မြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူတို့သည် (၂၈.၁၀.၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် တောင်ငူမြို့ပေါ်ရှိ စားအုန်းဆီ လက်လီ/ လက်ကားရောင်းချနေသော ကုန်စုံဆိုင်များအား သွားရောက်ကွင်းဆင်းစစ် ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၂၄.၁၀.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဈေးကွက်အတွင်းရှိ ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပြည့်စုံစွာပါဝင်ရမည့် အချက်အလက်များကို ပြည့်စုံမှန်ကန်စွာ ဖော်ပြထားခြင်း ရှိ/မရှိနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့်ဟု တားမြစ်ထားသော ကုန်စည်များရောင်းချမှု ရှိ/မရှိတို့ကို မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေး
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၅.၁၀.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မင်းဘူးမြို့ပေါ်ရှိ လုပ်ငန်းရှင်(၃၀)ဦး တို့အား မင်းဘူးခရိုင်ဦးစီးမှူးရုံး၌ ခေါ်ယူတွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်း၊ မြို့နယ်တာဝန်ခံ ဒုဦးစီးမှူး ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် (၂၄.၁၀.၂၀၂၄) ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် သထုံမြို့၊ အ.မ.က (ဘူတာ) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။
၂၅.၁၀.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ချောင်းဆုံမြို့နယ်၊ အမှတ်(၂)မြို့မဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော အသင့်သောက်အချိုရည်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။