သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ စားသုံးဆီအမျိုးမျိုးဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ဈေးနှုန်းများမြှင့်တင်ရောင်းချမှုမရှိစေရန် ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ စားသုံးဆီအမျိုးမျိုးဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်(၄၄) ဦး နှင့် တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၂၃ (3)_2.jpg?itok=GIjZHnym)
တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ခရိုင် ၅၀တို့တွင် (၂၀၂၃-၂၀၂၄) စာသင်နှစ်အတွင်း စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းများဖွင့်လှစ်ပေးခဲ့ရာ တောင်ငူခရိုင်တွင်လည်း စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းကို အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက် အခြေခံပညာအထက်တန်းကျောင်း၌ တွဲလျက်ဖွင့်လှစ်ထားပါသည်။ စတင်ဖွင့်လှစ်သည့် ယခုစာသင်နှစ်တွင် ကျောင်းသား/ ကျောင်းသူ ၂၇ဦးတက်ရောက်ပညာသင်ကြားလျက်ရှိပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/845.jpg?itok=JNvZsUg6)
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံရုံးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖြူးမြို့နယ်ဦးစီးမှူးရုံးတို့ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူးကျင်းပသည့် ပြိုင်ပွဲများ၊ ဟောပြောပွဲများနှင့် သင်တန်းများသို့ တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများအား စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အခါအားလျော်စွာ အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/844.jpg?itok=p84FSqwy)
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂၃ရက်နေ့၊ နံနက်ပိုင်းတွင် ရေတာရှည်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းဦးဆောင်သော ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့က ရေတာရှည်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/843_1.jpg?itok=1e29jYL-)
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် တောင်ငူခရိုင်၊ ဖြူး၊ အုတ်တွင်းနှင့် တောင်ငူမြို့နယ်များရှိ စပါးကုန်သည်များနှင့်ဆန်စက်ပိုင်ရှင်များအား ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂၃ရက်နေ့တွင် သက်ဆိုင်ရာမြို့နယ်များသို့သွားရောက်တွေ့ဆုံပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/842_0.jpg?itok=v93PvJG3)