သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
23 Oct 2023

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် (၁၂-၁၀-၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆောင်၍ ဌာနဆိုင်ရာများ၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်(၂၀)ဦးတက်ရောက်ခဲ့ပြီး ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းပြန်လည်ဖွဲ့စည်းနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

23 Oct 2023

   စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ဟင်္သာတမြို့နယ် စစ်ကွင်းကျေးရွာအုပ်စု၊ ဓမ္မာရုံတွင် စားသုံးသူပြည်သူ(၁၅၀)ဦးအား (၁၆.၁၀.၂၀၂၃)နေ့၊ နံနက် (၁၁:၀၀)နာရီတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

23 Oct 2023

  စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတမြို့နယ်တာဝန်ခံသည်(၁၆.၁၀.၂၀၂၃)ရက်နေ့ ၊နံနက်(၉)နာရီမှစ၍ စားသုံးဆီနှင့်ဆန်များ သက်သာသောဈေးနှုန်းဖြင့် စားသုံးသူပြည်သူများအား ရောင်းချပေးလျက် ရှိကြောင်း သိရှိရပါသည်။

23 Oct 2023

   မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မစျေး၌ သဘာဝပတ်ဝန်းကျင်ထိန်သိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျှော့ချသုံးစွဲစေရန်ရည်ရွယ်၍ အပတ်စဉ် တနင်္လာနေ့တိုင်းကို “ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များမသုံးစွဲရေးနေ့” ဟုသတ်မှတ်ပြီး အကောင်အထည်‌ဖော်ဆောင်ရွက်လျက်ရှိရာ (၁၆-၁၀-၂၀၂၃)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ချောက်မြို့မစျေး၌ ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်းမရှိစေရန်အတွက် စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

23 Oct 2023

     စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြည်သူ ၈၀ ဦးအား (၁၆.၁၀.၂၀၂၃)နေ့ ၊နေ့လယ် (၁၄:၀၀)နာရီတွင်  စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

Pages