သတင်းနှင့် လှုပ်ရှားမှုများ
ရခိုင်ပြည်နယ်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဦးဆောင်ကြီးမှူးကျင်းပပြုလုပ်သော စစ်တွေခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းခြင်းဆိုင်ရာ အစည်း အဝေးအခမ်းအနားကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ SS Food Centre ၌ (၁၇-၁၀-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁:၃၀) အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူး၊ စစ်တွေခရိုင်ဦးစီးမှူးတို့ တက်ရောက်ပြီး၊ ရှေးဦးစွာ စစ်တွေခရိုင် ဦးစီးမှူး ဦးမောင်လှဝင်း (ဦးစီးအရာရှိ)က ဌာန
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးနှင့် မြို့နယ်တာဝန်ခံတို့သည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ပုသိမ်မြို့နယ် ကြောင်ပန်းကုန်းကျေးရွာအုပ်စု၊ ကြောင်ပန်းကုန်း၊ ဇရပ်ဆိပ်၊ ကွမ်းခြံကုန်းကျေးရွာများရှိ အိမ်ထောင်စု ၅၅၀ စုအတွက် ဆန်၊ ဆီ၊ ကြက်ဥတို့ကို ပြင်ပပေါက်ဈေးနှုန်းထက် သက်သာစွာ ရောင်းချပေးခဲ့ပါသည်၊၊
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးနှင့် မြို့နယ်တာဝန်ခံတို့သည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ပုသိမ်မြို့နယ် အမှတ်(၂)ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု ၅၅၀ အတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် စားအုန်းဆီတစ်ပိဿာ ၄၇၀၀ ကျပ်ဈေးဖြင့် ၅၅၀ ပိဿာ ၊ ဆန်တစ်ပြည် ၂၅၀၀ ကျပ်ဈေးဖြင့် ဆန် ၁၀ အိတ်၊ ကြက်ဥ (၄)လုံးလျှင် ၁၀၀၀ ကျပ်ဈေးဖြင့် အလုံးရေ ၁၀၀၀ နှင့် ဆားတစ်ပိဿာတစ်ထုပ်လျှင် ၃၀၀ ကျပ်ဖြင့် ဆား ၅၀ ပိဿာတို့ကို ဈေးကားဖြင့်ရောင်းချရာတွင် မွေးမြူရေးနှင့်ကုသရေးဦ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံ ဒေါ်ဇင်မာသန်းသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ၁၂.၁၀.၂၀၂၃ ရက်နေ့ ၊ နံနက်(၁၀:၃၀)က အိမ်မဲမြို့နယ်၊ ရွာသစ်ကျေးရွာရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ၁၂.၁၀.၂၀၂၃ နေ့ နံနက်(၁၀:၀၀)က လပွတ္တာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။